#LocalNews
Published _13 June 2022

 

စက်သုံးဆီဈေးများ ဆက်လက် မြင့်တက်နေသောကြောင့် ရပ်နားရန်စီစဉ်ခဲ့သည့် ရန်ကုန်-ပဲခူး ယာဉ်လိုင်းအနေဖြင့် ခရီးသည်များ၏ တောင်းဆိုမှုများကြောင့် ဇွန်လ ၁၁ ရက်မှစပြီး ပြေးဆွဲပေးနေလျှက်ရှိကြောင်း Yangon - Bago Smart City Bus Line By Daewoo Bus ရဲ့ တာဝန်ရှိသူက YMG သို့ ပြောသည်။

 

"ခရီးသည်တွေက တောင်းဆိုကြပါတယ်။ ဒီယာဥ်လိုင်းက သူတို့အတွက် အတော်အဆင်ပြေလို့ မရပ်နားဖို့ တောင်းဆိုလာကြတော့ ကျွန်တော်တို့လည်း ညှိနှိုင်းပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်နည်းလမ်းတွေတင်ပြပြီး လက်ရှိပြေးဆွဲနေပါတယ်။ အဓိကကတော့ ကားခတိုးကောက်ပြီး ဆက်ဆွဲပေးနေပါတယ်။ ရန်ကုန်ကနေ ပဲခူးအရောက် ၃၀၀၀ ကျပ် သတ်မှတ်ထားတယ်။ ပဲခူး ကနေ ရန်ကုန်ပြန်ရင်တော့ လမ်းခရီးပေါ်မူတည်ပြီး ၂၀၀၀ သို့မဟုတ် ၁၀၀၀ ကောက်ပါတယ်" ဟု Daewoo bus ရဲ့ တာဝန်ရှိသူက ပြောသည်။

 

ရန်ကုန်-ပဲခူး ယာဉ်လိုင်း စတင်ပြေးဆွဲပြီး ငါးလအကြာမှာ စက်သုံးဆီစျေးနှုန်းများ မြင့်တက်နေသဖြင့် အဆိုပါ ယာဉ်လိုင်း ပြေးဆွဲမှုကို ဇွန်လ ၁၀ ရက်မှစ၍ ခေတ္တရပ်နားမည်ဟု စီစဉ်ထားပြီး ယခုအခါ ခရီးသည်များရဲ့ တောင်းဆိုမှုများကြောင့် ယာဉ်လိုင်းအား ဇွန်လ ၁၁ ရက်မှစ၍ လုံး၀မရပ်နားဘဲ ပြန်လည်ပြေးဆွဲသွားမည်ကြောင်း သိရသည်၊၊

 

ရန်ကုန်-ပဲခူးယာဉ်လိုင်းတွင် ခရီးစဉ် ငါး ကြောင်းဖြင့် ခရီးသည် တစ်ဦးလျှင် ခရီးစဉ် စ/ဆုံး အတွက် ယာဉ်စီးခ ၃၀၀၀ ကျပ် သတ်မှတ်ထားကြောင်းလည်း အဆိုပါ ယာဥ်လိုင်းမှ သိရသည်။

 

ymg/NN
#Yangon_Media_Group