#LocalNews
Published _ 8 June 2022

 

ရှမ်းပြည်နယ်အတွင်း ရွာငံ၊ ပင်လောင်း၊ ဟိုပုန်း စသည့် ကော်ဖီနှင့် လက်ဖက်အဓိကထား စိုက်ပျိုးနေသော ဒေသများရှိ ကော်ဖီ၊ လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ပြည်နယ်အစိုးရတို့ ပူးပေါင်း၍ ဈေးကွက်အကြိုက် အရည်အသွေးပြည့် ကော်ဖီ၊ လက်ဖက်များရွေးချယ်စိုက်ပျိုးရေး အပါအဝင် အထူးတန်းဝင်ကော်ဖီများထွက်ရှိရန် ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနက သိရသည်၊၊

 

"အထူးတန်းဝင်ကော်ဖီရရှိရေးနဲ့ ဈေးကွက်က နှစ်သက်လိုလားတဲ့ ကော်ဖီရရှိနိုင်ဖို့ ထုတ်လုပ်မှုဆိုင်ရာ နည်းစနစ်များအဆင့်မြှင့်တင်အသုံးပြုရေးနဲ့ ကော်ဖီနဲ့ လက်ဖက်ကို အဓိကထားစိုက်ပျိုးနေတဲ့ ဒေသတွေမှာ စိုက်ဧကတိုးချဲ့ရေး၊ စိုက်ခင်းစနစ်တွေ၊ စိုက်ခင်းပုံစံတွေနဲ့ မျိုးစေ့တွေစနစ်တကျ လုပ်ဆောင်ဖို့လိုအပ်ပြီး ရှမ်းပြည်နယ်ကို မြန်မာနိုင်ငံရဲ့ တတိယဆီအိုးကြီးအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်သွားမယ်" ဟု အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောသည်။

 

ဇွန်လ ၇ ရက်က ပြုလုပ်သော ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ကော်ဖီနှင့်လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးတို့ တွေ့ဆုံစဉ် ယင်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ymg/NN
#Yangon_Media_Group