#LocalNews
Published_7 June 2022

 

ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ဆေးလိပ်ငွေ့အနံ့မခံနိုင်သောအိမ်နီးချင်းက ရဲစခန်းကိုတိုင်ကြားရာ တရားမဝင် မြန်မာနိုင်ငံသား အယောက် ၅၀ ဖမ်းမိကြောင်း ထိုင်းဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။

 

ဇွန်လ ၅ ရက်ည သံခေါင်ယံအချိန်ဘန်ကောက်မြို့အဝင်လမ်း ခေါင်ဝပ်ခရိုင် ပကျွတ်ခီရီခန်ပြည်နယ် ပြည်သူအစောင့်ကြပ် ရဲဌာနမှ ယင်းရဲဌာနနှင့် မီတာ၂၀ခန့် အကွာ အခန်းတစ်ခန်းတွင် ယာယီတည်းခိုနေထိုင်သော ပြည့်ကြပ်နေသည့် မြန်မာနိုင်ငံသား ၅၄ ဦးကို ဖမ်းမိကြောင်း၊ ယင်းတွင် ၄ ဦးမှာ အလည် နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားပြီး ကျန်သူများမှာ အထောက်အထားမဲ့ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တရားမဝင်မြန်မာနိုင်ငံသား ၅၀ ဦးမှာ ချင်းပြည်နယ်အတွင်းပဋိပက္ခများဖြစ်ပွား၍ အခြားဒေသသို့ ပြောင်းရွှေ့နေထိုင်ရန် တရားမဝင်လမ်းမှ လာရောက်နေသူဖြစ်ကြောင်း၊ မလေးရှားနိုင်ငံသို့ သွားရောက်ရန် ပွဲစားလာရောက်ခေါ်ဆောင်သည်ကို စောင့်ဆိုင်းနေကြသူများ ဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group