#LocalNews
Published - 7 june 2022

 

ဇွန်လ၆ရက် ညနေ၄နာရီ၂၄ အချိန်ခန့်တွင်မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းနယ်မြေရှိ တက်မရေနံမြေတွင် ရေနံတွင်း မီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်၊၊

 

အဆိုပါ မီးလောင်မှုကို ညောင်ဦးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ စဉ့်ကူးနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ပြီး ညနေ ၅ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ ကြောင်းသိရသည်၊၊

 

Photo MSFD 

ymg/tthl
#Yangon_Media_Group