#LocalNews
Published - 6 June 2022

 

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ယာဥ်မောင်းများ စည်းကမ်းမဲ့ယာဥ်မောင်းနှင်သည့်အပြင် ယာဥ်တိုက်မှု၊ ယာဥ်တိမ်းမှောက်မှုဖြစ်ပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း YRTC မှသိရသည်။

 

YRTC မှ မိုးရာသီကာလတွင် ယာဥ်မောင်းသူများလိုက်နာရမည့်အချက်ကို အသိပေးထုတ်ပြန်ခဲ့ပြီး YBS ယာဥ်လိုင်းကုမ္ပဏီများကိုလည်း အကြောင်းကြားစာပေးပို့ထားကြောင်း သိရသည်။

 

YBS ကုမ္ပဏီများအနေဖြင့် မိမိတို့စီမံမှုအောက်ရှိ ခရီးသည်တင်ယာဥ်လိုင်းများမှ ယာဥ်မောင်းများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ မောင်းနှင်ရန်နှင့် ယာဥ်တိုက်မှု၊ ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

 

လက်ရှိတွင် ရန်ကုန်မြို့တွင်း၌ YBS ယာဥ်လိုင်းပေါင်း ၁၁၃ လိုင်း ယာဥ်အစီးရေ ၃၀၀၀ ကျော်ဖြင့်ပြေးဆွဲပေးနေပြီး ခရီးသည် ၉ သိန်းနီးပါးစီးနင်းမှုရှိကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group