#LocalNews
Published -31 May 2022

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် အုန်းတောကျေးရွာအနီးရှိ ယောချောင်းတံတား အမှတ် -၂ ကိုမေလ ၃၀ ရက်နေ့ ညပိုင်းတွင် မိုင်းထောင်ဖောက်ခွဲခြင်းခံရကြောင်း သိရသည်။

 

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် တံတား၏ ယာဘက်ခြမ်းကွဲအက်ပျက်ဆီးခဲ့ပြီး လက်ရှိအချိန်တွင် သွားလာမှုယာယီပိတ်ထားကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် အုန်းတောကျေးရွာအနီးရှိ ယောချောင်းတံတား အမှတ် -၂ သည် မြန်မာနိုင်ငံရှိ တံတားများအနက် ၂၃ စင်းမြောက် အရှည်ဆုံးတံတားဖြစ်ပြီး ၁၁၀၀ ပေအထိ ရှည်ကြောင်း သိရသည်။

 

အဆိုပါတံတားသည် ပေါက်နှင့် ရေပြာအဓိကလမ်းဖြစ်ပြီး၊ မြေပြန့်မှထီးလင်း၊ ဂန့်ဂေါ၊ ကျောက်ထု၊ စော၊ ကန်ပက်လက် ၊မင်းတပ်၊ မတူပီ၊ လောင်းရှည်ဒေသများအထိ ခရီးသွားလာရာတွင် အသုံးပြုနေသော တံတားတစ်စင်း ဖြစ်သည်။

 

ymg/sth
#Yangon_Media_Group