#LocalNews
Published_31 May 2022

 

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ Visa an Arrival (VOA) ဆိုက်ရောက်ဗီဇာဖြင့် လေကြောင်းလိုင်းမှဝင်ရောက်လာသူများအား မဲဆောက်လေဆိပ်မှ ဝင်ရောက်ခွင့်ပြုရန်နှင့် ကုန်းကြောင်းမှဝင်ရောက်လာသူများအား မဲဆောက် - မြဝတီချစ်ကြည်ရေးအမှတ် (၂) တံတားမှတစ်ဆင့် ဝင်ရောက်ခွင့်ပြုရန် တင်ပြတောင်းဆိုထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ တာ့က်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာ အခက်အခဲမရှိစေရန် အတွက် မေလ ၃၀ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် အထက်ပါအတိုင်းတောင်းဆိုကြခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ထိုင်းနိုင်ငံ နယ်စပ်ကုန်သည်ကြီးများအသင်းကလည်း ထိုး-မြန်မာ နှစ်နိုင်ငံ ကုန်စည်ကူးသန်းရောင်းဝယ်ပို့ဆောင်ရေး အဆင်ပြေစေရန်အတွက် မြန်မာဘက်မှ (၆) ဘီး ကုန်တင်ယာဉ်တွဲများနှင့် မဲဆောက်မြို့နယ်အတွင်းသို့ ကုန်စည်သယ်ယူပို့ဆောင်ခွင့် ပြုရန်လည်း တောင်းဆိုထားကြကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group