#Local_News
Published_ 29 May 2022

 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း ၈,၂၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၃၃ ကီလိုနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က မေ ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ပြင်ဦးလွင်မှ မန္တလေးဘက်သို့ သီဟအောင်မောင်းနှင်လာသည့် ဟီးနိုး ၆ ဘီး မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ပါတယ်။

 

ထိုသို့ရှာဖွေရာတွင် ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၈,၂၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၃၃ ကီလိုနှင့် အမ်-၂၂ သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်း ကျည် အတောင့် ၁၀၀ တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများနှင့် လက်နက်ခဲယမ်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

 

#Yangon_Media_Group