#LocalNews
Published 28 May 2022

 

သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၃ဖြင့် အနောက်ပိုင်းခရိုင်တရားရုံးက ယနေ့ မေလ ၂၇ ရက်တွင် အပြီးသတ်အမိန့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ကြောင်းနှင့် ယင်းအပေါ် အယူခံ ဆက်တက်မည် ဖြစ်ကြောင်း ၎င်း၏ရှေ့နေက ပြောသည်။

 

သရုပ်ဆောင် ရဲတိုက်သည် စိတ်ရောကိုယ်ပါ ကျန်းမာရေးအခြေအနေကောင်းမွန်နေကြောင်း၊မိသားစုနှင့်တိုင်ပင်၍ အယူခံတက်ရန် ရှိနေကြောင်း ရှေ့နေက ဆိုသည်။

 

ပြီးခဲ့သည့် မတ်လ ၂ ရက်က နစက ပေးခဲ့သော ၅၀၅ (က) လွတ်ငြိမ်းတွင် သရုပ်ဆောင် ရဲတိုက် ပါဝင်ခဲ့သော်လည်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၃ဖြင့် ပြစ်မှုထင်ရှားသဖြင့် အမြင့်ဆုံးထောင်ဒဏ်ကို ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group