#Local_News
Published_ 21 May 2022

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ အနဂ္ဃရတနာမြေ မြောက်ဦး ဓာတ်ပုံပြပွဲကို မေ ၂၀ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး ဓာတ်ပုံပေါင်း ၁၃၀ ခန့် ပါဝင်ပြသထားကြောင်း သိရပါတယ်။

 

အဆိုပါဓာတ်ပုံပြပွဲကို မြောက်ဦးမြို့ ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကို စာရင်းတွင်ဝင်နိုင်ရေး ပြုလုပ်တာဖြစ်ပြီး နှစ်ရက်ကြာခင်းကျင်းပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံပြပွဲမှာပြသထားတဲ့ ဓာတ်ပုံပေါင်း ၁၃၀ ခန့်ကို လာရောက်ကြည့်ရှုသူတွေ အနေနဲ့ ကြိုက်နှစ်သက်ပါက ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။

 

မြောက်ဦးမြို့ကို ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းတွင် ဝင်နိုင်ရေး ၂၀၂၁ ခုနှစ်က အဆိုပြုလွှာ မူချောတင်သွင်းခဲ့ပြီး လာမယ့်နှစ်မှာ ယူနက်စကိုက ကွင်းဆင်းစစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

 

ဧပြီလကလည်း အနဂ္ဃရတနာမြေ မြောက်ဦး ဓာတ်ပုံပြပွဲကို မြောက်ဦးမြို့မှာ ကျင်းပခဲ့ပြီး ဒီတစ်ကြိမ်ကျင်းပတာဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

 

ymg-mnn
#Yangon_Media_Group