#LocalNews
Published -20 May 2022

 

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တဲ့အတွက်သစ်ပင်ကြီးများ လဲပြိုကျလို့ မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်၊၊

 

မိုးသည်းပြီးလေပြင်းတဲ့အတွက်မေလ ၂၀ ရက် နေ့လယ်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ အောင်သပြေ(၂)လမ်းရှိ နေအိမ်ပေါ်သို့ သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့ပါတယ်၊၊

 

မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ သိရပါတယ်၊၊

အလားတူမေလ(၂၀)ရက်မနက်ပိုင်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ဆေးရုံရပ်ကွက်ဖြတ်လမ်းတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျတဲ့အတွက် ဝါးခယ်မမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါတယ်၊၊ အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ဆိုပါတယ်၊၊

အလားတူမေလ(၂၀)ရက်နေ့လယ်ပိုင်းမှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ နတ်ကြီးချောင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ သစ်ပင်လဲကျလို့ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့တဲ့အတွက် ပေါင်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group