#LocalNews
Published_19 May 2022

 

ရန်ကုန်ရှိ ဆိပ်ကမ်းများတွင် စက်သုံးဆီသင်္ဘော လေးစင်းဆီချနေပြီး နောက်ထပ်လေးစင်း ပင်လယ်ဝကို ရောက်ရှိနေကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း၏ သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

ယနေ့ မေလ ၁၉ ရက်တွင် တန်ချိန် ၁၆၄၀၀ ၊ တန်ချိန် ၁၇၂၀၀ ၊ တန်ချိန် ၁၈၂၀၀၊ တန်ချိန် ၂၀၀၀၀ အသီးသီး တင်ဆောင်လာသော သင်္ဘောများ ဆီချလျက်ရှိပြီး နောက်ထပ်ပင်လယ်ဝတွင် သင်္ဘော (၄)စင်း ထပ်မံ ဆိုက်ရောက်လာပြီဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

 

သတင်းဌာနများတွင် စက်သုံးဆီ ပြတ်လပ်တော့မည်ဟု သတင်းမှားများ ကြားသိနေရသော်လည်း သတင်းအမှန်မှာ စက်သုံးဆီသင်္ဘောများ အဆက်မပြတ် ဝင်ရောက်နေခြင်းသာ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ymg/mt
#Yangon_Media_Group