#LocalNews
Published - 19 May 2022

 

မိုးရာသီကာလတွေမှာကျေးရွာတွေမှာ မြွေကိုက်ခံရမှုတွေ များပြားတဲ့အတွက် မြွေအန္တရာယ်နဲ့ မြွေကိုက်ဒဏ်ရာပြုစုနည်း အသိပညာပေးတာတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းကဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်၊၊

 

ကရင်ပြည်နယ်၊ ဘားအံမြို့ ပေါ့ထော်ကျေးရွာမှာ ကျေးရွာအတွင်း မိုးရာသီမှာ အဖြစ်များပြီး လိုအပ်လျက်ရှိတဲ့ မြွေကိုက်ဒဏ်ရာပြုစုနည်း၊ အခြေခံအသက်ကယ်အထောက်အကူ ပြုစုနည်းတွေကိုမြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနဲ့ ရှင်းလင်းသရုပ်ပြတာတွေဆောင်ရွက်ခဲ့တာဖြစ်ပါတယ်၊၊

 

အဲဒီလိုအသိပညာပေးခြင်းလုပ်ငန်းကို ဘားအံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်တွေသရုပ်ပြ ကူညီဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်၊၊

မြန်မာနိုင်ငံမှာ နှစ်စဥ်မြွေအန္တရာယ်ကြောင့် လူသေဆုံးမှုတွေရှိနေပြီး လက်တလောမှာလည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နေရပ်စွန့်ခွာနေထိုင်နေရသူတွေဟာ တောတွေ၊ တောင်တွေထဲမှာ မြွေအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group