#LocalNews
Published - 18 May 2022

 

မေလ(၁၉)ရက်ကနေ(၂၃)ရက်အတွင်း မြန်မာနိုင်ငံရဲ့ဒေသအချို့မှာ လေပြင်းတိုက်ခတ်တာနဲ့မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်၊၊

 

ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့မှာမေလ(၁၉)ရက်ကနေ(၂၃)ရက်အတွင်း မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်တဲ့အတွက် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးတာ၊ နေရာကွက်ပြီး မိုးကြီးတာတွေနဲ့အတူ လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်၊၊

 

မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းတဲ့အတွက် မိုးသည်းထန်စွာရွာသွန်းတာတွေနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှု အန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုနိုင်ဖို့ မိုး/ဇလက သတိပေးချက်ထုတ်ပြန်ထားပါ တယ်၊၊

 

ymg/tthl
#Yangon_Media_Group