#Local_News 
Published_ 16 May 2022

 

ဆီးဂိမ်းပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်ရောက် မြန်မာအမျိုးသမီး ဘောလုံးအသင်းအား နိုင်ငံတော်က အမေရိကန်ဒေါ်လာ ၁ သိန်း ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

 

အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအား မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများက အသင်းတည်းခိုရာ ဟိုတယ်သို့လာရောက်တွေ့ဆုံ အားပေးခဲ့ပြီး နိုင်ငံတော်ကထပ်ဆောင်းချီးမြှင့်သည့် အမေရိကန် ဒေါ်လာ (၁) သိန်းကို မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအား ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

 

မြန်မာ အမျိုးသမီးအသင်းသည် အုပ်စု(ခ)တွင် ထိုင်း၊ လာအို၊ စင်ကာပူ အသင်းတို့နှင့် ရင်ဆိုင်ခဲ့ရကာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ ရမှတ် ၇ မှတ်ဖြင့် အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်)သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

 

မြန်မာ အမျိုးသမီးအသင်းသည် အကြိုဗိုလ်လုပွဲစဉ်အဖြစ် လာမည့် မေ ၁၈ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် အိမ်ရှင် ဗီယက်နမ် အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 

ယခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင် ယူ ၂၃ အသင်း၊ အမျိုးသမီး လက်ရွေးစင်အသင်း၊ အမျိုးသမီး ဖူဆယ်လက်ရွေးစင် အသင်း၊ အမျိုးသား ဖူဆယ် လက်ရွေးစင်အသင်း စုစုပေါင်း အသင်း (၄) သင်း ပါဝင်ယှဉ်ပြိုင်နေပြီး အသင်းများ အောင်နိုင်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့်အဖွဲ့က ပြိုင်ပွဲကျင်းပရာ နေရာများတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group