#LocalNews
Published - 15-5-2022

 

 

မြန်မာအမျိုးသမီးလက်ရွေးစင်‌ဘောလုံးအသင်းက စင်ကာပူအမျိုးသမီးဘောလုံးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရထားသည်။

 

ယင်းကြောင့် ရမှတ် ၇ မှတ်ဖြင့် အကြို ဗိုလ်လုပွဲကို ‌တက်ရောက်သွားပြီဖြစ်သည်။

 

မြန်မာအမျိုးသမီးအသင်းအနေဖြင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရာတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး နောက်တစ်ဆင့် တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

 

ယနေ့ ညနေ ၆ နာရီ ခွဲ အချိန်တွင်ကစားမည့် ထိုင်းအသင်းနှင့် လာအိုအသင်းတို့၏ ရလဒ်ကိုလည်းစောင့်ကြည့်ရဦးမည်ဖြစ်သည်။

 

ymg-mt
#Yangon_Media_Group