#LocalNews
Published_15 May 2022

 

ယနေ့ မေလ ၁၅ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဟု သတင်းထွက်နေသော မဲဆောက် - မြဝတီ ချစ်ကြည်ရေးအမှတ် ၁ တံတားကို ပိတ်ထားဆဲဖြစ်ကြောင်း မဲဆောက်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး လုပ်ဆောင်နေသူများကပြောသည်။

 

"တံတားကို ဖွင့်စေချင်နေကြပြီ။ပြီးတော့ ထိုင်းသတင်းတွေမှာလည်း ဒီနေ့ဖွင့်မယ်ဆိုတာ ရေးနေကြတယ်။ဒါပေမယ့် တံတားက မဖွင့်ဘူးခင်ဗျ၊ကန့်သတ်ချက်တွေရှိနေသေးတယ်လို့မြင်ပါတယ်"ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး လုပ်ဆောင်နေသူတစ်ဦးကပြောသည်။

 

ထိုင်း - မြန်မာ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ထိုင်းအစိုးရ၊ဒေသန္တရအာဏာပိုင်အဖွဲ့များအနေဖြင့် အစည်းအဝေးများကို မကြာခဏ ပြုလုပ်လေ့ရှိသော်လည်းမြန်မာနိုင်ငံဘက်က သတင်းထုတ်ပြန်မှု မပြုလုပ်သေးပေ။

 

ymg/mt
#Yangon_Media_Group