#LocalNews
Published -12 May 2022

 

လာမယ့်မေလ(၁၄)ရက်၊ ကဆုန်လပြည့်နေ့မှာ မဟာဝိဇယစေတီတော်ကြီးမှာ အနေကဇာတင်အခမ်းအနားကျင်းပ ပြုလုပ်သွားမှာဖြစ်သလို အများပြည်သူလည်း ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်နိုင်ဖို့ ပြင်ဆင်ပေးထားတယ်လို့ ဂေါပကအဖွဲထံမှ သိရပါတယ်၊၊

 

ကဆုန်လပြည့်နေ့မှာ မဟာဝိဇယစေတီတော်ကြီးရှိ ဗောဓိညောင်ပင်နှစ်ပင်မှာ မနက်(၅)နာရီက စလို့ အများပြည်သူဘုရားဖူးတွေ ညောင်ရေသွန်းလောင်းလှူပူဇော်နိုင်တယ်လို့ ဆိုပါတယ်၊၊

 

"မနက်(၅)နာရီခွဲလောက်မှာ အနေကဇာတင်မယ်၊၊ ဆရာတော်ငါးပါးနဲ့ အာရုံဆွမ်းကပ်လှူပါမယ်၊၊ညောင်ရေသွန်းလောင်းလှူဖို့ မနက်(၅)နာရီက စဖွင့်မယ် ည(၇) အထိဖွင့်ပေးထားပါတယ်၊၊ဆရာတော် သံဃာတော်တွေ ညောင်ရေသွန်းလောင်းပြီးနောက် အများပြည်သူညောင်ရေသွန်းလောင်းနိုင်ပါတယ်၊၊ ညောင်ရေသွန်းလောင်းနိုင်ဖို့ အတာအိုးတွေရေတွေလည်း အဆင်သင့်ပြင်ပေးထားပါတယ်"လို့ မဟာဝိဇယစေတီတော်၊ ဂေါပကအဖွဲ့ရုံးအဖွဲ့မှူးဦးသိန်းမြင့် က YMG ကိုပြောပါတယ်၊၊

 

မဟာဝိဇယစေတီတော်ကြီးမှာ ( ၁၅ )ကြိမ်မြောက် ရွှေသင်္ကန်းကပ်လှူရေးလုပ်ငန်းမှ ရွှေလှောင်လိပ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ချိပ်ပိတ်တင်ဒါစနစ်နဲ့ ရောင်းချဖို့ ဆောင်ရွက်နေပြီး မေလ(၁၂)ရက်မှာ တင်ဒါတင်သွင်းလွှာတွေ စတင်ရောင်းချမှာဖြစ်ပြီး မေလ(၁၆)ရက်မှာ အရောင်းပိတ်ကာ မေလ(၁၉)ရက်မှာ တင်ဒါဖွင့်ဖောက်မှာဖြစ်တယ်လို့ သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group