#LocalNews
Published_12 May 2022

 

ထိုင်းနိုင်ငံအတွင်းသို့ နှစ်ရက်အတွင်း တရားမဝင်ရောက်လာသည့် မြန်မာ ၂၃၃ ဦးကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးမိကြောင်း သိရသည်။

 

အဆိုပါ မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံတွင်းသို့ ပွဲစားခ ဘတ်နှစ်သောင်းမှ နှစ်သောင်းခွဲကြားပေး၍ ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း၊ ယင်းတို့အား ထိုင်းနိုင်ငံ ကန်ကျနဘုရီပြည်နယ်အတွင်းနှင့် ပကျွတ်ခီရီခန်ပြည်နယ်အတွင်း မေလ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

 

ပကျွတ်ခီရီခန်ပြည်နယ်၊ အောင်နွဲခရိုင်ခွဲ၊ ဟွေးစိုင်ခရိုင်ခရိုင်ခွဲတို့တွင် မြန်မာနိုင်ငံသား အမျိုးသား ၈၉ ဦး၊ အမျိုးသမီး ၆၉ ဦး တို့အား ထိုင်းနိုင်ငံသား လမ်းပြနှစ်ဦး၊ မော်တော်ယာဉ်နှစ်စီးတို့ဖြင့် နေရာ ၄ ခု ၌လည်းကောင်း၊ ကန်ကျနဘုရီပြည်နယ်၊ ဗောင်းတီးခရိုင်ခွဲ ဆိုင်ယုတ်ခရိုင်၊ ဆလယ်ခရိုင်ခွဲ ထောင်ဖာဖွန်ခရိုင်တို့တွင် မြန်မာနိုင်ငံသား အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၃၆ ဦးတို့ကို ထိုင်းနိုင်ငံသားလမ်းပြ ၁၀ ဦး၊ မော်တော်ယာဉ် ၅ စီးဖြင့် နေရာ ၇ ခု၌လည်းကောင်း ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

 

၎င်းမြန်မာနိုင်ငံသားများမှာ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့မှ လာရောက်ကြသူများ ဖြစ်ကြောင်း သိရသည်။

 

ymg/mt

#Yangon_Media_Group