#LocalNews
Published - 9 May 2022

 

အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ(Asani)”ရဲ့ အရှိန်ကြောင့် မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာတွေဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်၊၊

 

ပြည်တွင်းလေကြောင်းပျံသန်းရေးတွေ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားပါတယ်၊၊

 

ပြည်သူတွေအနေနဲ့ အခုလိုမိုးကြိုကာလတွေ၊ မုတ်သုန်အဝင်ကာလတွေမှာ မိုးကြိုးအန္တရာယ်၊လေပြင်းအန္တရာယ်၊ ရေကြီးခြင်း အန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက် အထူးသတိထားဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းကလည်း ကြိုတင်သတိပေးထားပါတယ်၊၊

 

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ (Asani)”ရဲ့လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သော်လည်း မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ မိုးသည်းထန်တာ၊ လေပြင်းတိုက်တာတွေဖြစ်ပေါ်နေပြီး သစ်ပင်သစ်ကိုင်းများ ကျိုးကျတွေဖြစ်ပေါ်နေပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group