#Local_News
Published_ 6 May 2022

 

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ မြန်မာအမျိုးသားဘောလုံးအသင်း၏ အုပ်စုပထမပွဲစဉ်ကို မေ ၈ ရက်တွင် တီမောဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲကို မေ ၆ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဘရူနိုင်းနိုင်ငံမှလွဲ၍ ကျန်အရှေ့တောင်အာရှ ၁၀ နိုင်ငံက ငါးသင်း နှစ်အုပ်စုခွဲ၍ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

 

အုပ်စုခွဲဝေထားမှုအရ အုပ်စု(က)တွင် လက်ရှိချန်ပီယံနှင့် အိမ်ရှင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ တီမောတို့ ပါဝင်ပြီး အုပ်စု (ခ) တွင် ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူနှင့် လာအိုအသင်းတို့ ပါဝင်ပါတယ်။

 

အုပ်စုပွဲစဉ်များကို မေ ၆ ရက်မှ ၁၆ ရက် အထိ ပြုလုပ်မှာဖြစ်ပြီး မေ ၆ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် တီမောအသင်း၊ ဗီယက်နမ်အသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group