#LocalNews

Published - 5 May 2022
 
ရန်ကုန်တိုင်း​ဒေသကြီးမှာ မူလက(၄)ခရိုင်၊ (၄၅) မြို့နယ်နဲ့ဖွဲ့စည်းထားရာမှ အခု(၁၄) ခရိုင်၊(၄၅) မြို့နယ်နဲ့ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်၊၊
 
မူလက အရှေ့ပိုင်းခရိုင်၊အနောက်ပိုင်းခရိုင်၊တောင်ပိုင်းခရိုင်နဲ့မြောက်ပိုင်းခရိုင်စတဲ့ ခရိုင်(၄)ခရိုင်ပဲရှိရာမှ မူလကခရိုင်(၄)ခုကိုပယ်ဖျက်လိုက်ပြီး အခု (၁၄)ခရိုင်နဲ့ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်၊၊
 
အခုပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ခရိုင်တွေကတော့ (၁)တိုက်ကြီးခရိုင်၊ (၂)လှည်းကူးခရိုင်၊ (၃)မှော်ဘီခရိုင်၊(၄)မင်္ဂလာဒုံခရိုင်၊(၅)အင်းစိန်ခရိုင်၊(၆)ဗိုလ်တထောင်ခရိုင်၊(၇)ဒဂုံမြို့သစ်ခရိုင်၊ (၈)တွံ့တေးခရိုင် ၊(၉) ကျောက်တံတားခရိုင် ၊(၁၀) မရမ်းကုန်းခရိုင်၊(၁၁) အလုံခရိုင်၊(၁၂)သင်္ကန်းကျွန်းခရိုင်နှင့်(၁၃) ကမာရွက်ခရိုင်(၁၄)သန်လျင်ခရိုင်တို့ကိုတိုးချဲ့ပြင်ဆင် ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်၊၊
 
အဲဒီ့ခရိုင်တွေထဲမှ  ခရိုင်အလိုက်ပါရှိတဲ့မြို့နယ်တွေကတော့ တိုက်ကြီးခရိုင်မှာ(တိုက်ကြီးမြို့နယ်)  ၊လှည်းကူးခရိုင်မှာ (လှည်းကူးမြို့နယ်)၊မှော်ဘီခရိုင်မှာ(မှော်ဘီမြို့နယ်နှင့်ထန်းတပင်မြို့နယ်)၊မင်္ဂလာဒုံခရိုင်မှာ( မင်္ဂလာဒုံမြို့နယ်နှင့်ရွှေပြည်သာမြို့နယ်)၊အင်းစိန်ခရိုင်မှာ( အင်းစိန်မြို့နယ်၊လှိုင်သာယာ(အ​ရှေ့ပိုင်းမြို့နယ်)၊ လှိုင်သာယာ(အ​​နောက်ပိုင်းမြို့နယ်)
တို့ ပါဝင်ပါတယ်၊၊
 
ဗိုလ်တထောင်ခရိုင်မှာ(ဗိုလ်တထောင်မြို့နယ်၊ဒေါပုံမြို့နယ်၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ပုဇွန်တောင်မြို့နယ်၊သာကေတမြို့နယ်)၊ဒဂုံမြို့သစ်ခရိုင်မှာ(ဒဂုံမြို့သစ်တောင်ပိုင်း၊ဒဂုံမြို့သစ်မြောက်ပိုင်း၊ဒဂုံမြို့သစ် အရှေ့ပိုင်း၊ဒဂုံမြို့သစ်ဆိပ်ကမ်း)၊တွံ့တေးခရိုင်မှာ( တွံ့တေးမြို့နယ်၊ဆိပ်ကြီးခနောင်တိုမြို့နယ်၊ဒလမြို့နယ်၊ကော့မှူးမြို့နယ်၊ကွမ်းခြံကုန်းမြို့နယ်)တို့ပါဝင်ပါတယ်၊၊
 
ဒီ့အပြင် ကျောက်တံတားခရိုင်မှာ(ကျောက်တံတားမြို့နယ်၊ပန်းပဲတန်းမြို့နယ်၊လသာမြို့နယ်၊ပန်းပဲတန်းမြို့နယ်)၊မရမ်းကုန်းခရိုင်မှာ(မရမ်းကုန်းမြို့နယ်၊လှိုင်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်)၊အလုံခရိုင်မှာ(အလုံမြို့နယ်၊ ကြည်မြင်တိုင်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်)၊သင်္ကန်းကျွန်းခရိုင်မှာ(သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကင်းမြို့နယ်၊တောင်ဥက္ကလာမြို့နယ်၊တာမွေမြို့နယ်)၊ကမာရွက်ခရိုင်မှာ(ကမာရွတ်မြို့နယ်၊ဗဟန်းမြို့နယ်)၊သန်လျင်ခရိုင်မှာ (သန်လျင်မြို့နယ်၊ကျောက်တန်းမြို့နယ်၊သုံးခွမြို့နယ်၊ခရမ်းမြို့နယ်၊ကိုကိုးကျွန်းမြို့နယ်တို့ ပါဝင်တယ်လို့ သိရပါတယ်၊၊
 
ymg/tthl
#Yangon_Media_Group