#LocalNews
Published - 3 May 2022

 

ရေကြည်မြို့နယ်၌ မော်တော်ယာဥ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ၁ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်ဟာ မေ ၂ ရက် နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

 

ယာဥ်ပေါ်တွင် လေးမျက်နှာသစ်တောစိုက်ခင်းမှ ကျင်းတူးခြင်း၊ ပျိုးခင်းများပြုလုပ်ကာ အလုပ်သိမ်း၍ အလုပ်သမား အမျိုးသား (၁၉)ဦး၊ အမျိုးသမီး (၂)ဦး စုစုပေါင်း(၂၁)ဦး လိုက်ပါလာပြီး CANDA အမျိုးအစား အဖြူရောင်ခြောက်ဘီးယာဉ်ဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုပါ ယာဥ်ဟာ ပန်းကုန်းလမ်းခွဲအတွင်းမှ (၂၁)မိုင် ရေနံ့သာ-ဂွကားလမ်းဘက်သို့ မောင်းနှင်လာစဥ် ငါးသိုင်းချောင်းမြို့ မိဿလင်ကျေးရွာအုပ်စု တောင်ပေါ်(၂၁)မိုင် ပန်းကုန်လမ်းခွဲ တောင်တက်လမ်းတွင် မော်တော်ယာဥ်သည် ဆက်လက်မောင်းနှင်နိုင်ခြင်းမရှိပဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပါတယ်။

 

မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ မမိတတောင် (၃၂)နှစ် မြောက်စမ်းကျေးရွာနေသူမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျန်ဒဏ်ရာရရှိသူ ၈ ဦးအား ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

 

ymg/kg
#Yangon_Media_Group