#Local News
Published-2 May 2022

 

မိုးရာသီမှာ ကလေးငယ်တွေအပါအဝင် လူတိုင်းက တုပ်ကွေးရောဂါအမျိုးမျိုးဖြစ်ပွားနိုင်တဲ့အတွက် တုပ်ကွေးကာကွယ်ဆေးတွေကို အခုမေလကတည်း က ကြိုတင်ထိုးထားသင့်တယ်လို့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားက YMG ကိုပြောပါတယ်၊၊

 

တုပ်ကွေးကာကွယ်ဆေးကို အခုမေလကတည်းက ကြိုတင်ထိုးထားတော့မှ မိုးရာသီမှာကာကွယ်မှုအစွမ်းကို ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်၊၊

 

"မိုးရာသီမှာ ကလေးငယ်တွေမှာ တုပ်ကွေးအမျိုးမျိုးဖြစ်ပွားတတ်တယ်၊၊ ဒီနွေရာသီမှာ တုပ်ကွေးကာကွယ်ဆေးတွေ ကြိုထိုးထားသင့်တယ်၊၊ ဒါမှ မိုးရာသီမှာ ကာကွယ်နိုင်စွမ်းရမယ်၊၊ မိုးရာသီရောက်မှ ကပ်ထိုးလိုမရဘူး၊၊ ကာကွယ်ဆေးတွေ အမျိုးမျိုးရှိတယ်၊၊ အဲဒီထဲမှာမှ ပိုးလေးမျိုးကိုကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေရှိတယ်၊၊ တုပ်ကွေးရောဂါအပြင် သွေးလွန်တုပ်ကွေးကလည်း မိုးတွင်းမှာအဖြစ်များတယ်၊၊ ခြင်ကိုက်ရင်ဖြစ်တယ်"လို ဒေါက်တာခင်ခင်ထားကသတိပြောကြားထားပါတယ်၊၊

 

မိုးရာသီမှာ အဖြစ်များတဲ့ တုပ်ကွေးရောဂါတွေအပြင် ကိုဗစ်ဖြစ်ပွားမှုတွေလည်းရှိနေသေးတဲ့အတွက် ကိုဗစ်မဖြစ်ပွားအောင်လည်း ကာကွယ်ရန်လိုအပ်တယ်လို သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group