#Local_News
Published_ 30 April 2022

 

မြန်မာလုပ်သား ၁၂၈ ဦးသည် အလုပ်လုပ်ကိုင်ရန် ဧပြီ ၂၈ ရက်က တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

 

ရောက်ရှိလာသူများတွင် Re-entry လုပ်သား ၄၅ ဦး၊ ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၇၂ ဦးနှင့် ဆောက်လုပ်ရေးလုပ်သားသစ် ၁၁ ဦး၊ စုစုပေါင်း ၁၂၈ ဦး ဖြစ်ပါတယ်။

 

ဧပြီလအတွင်း တောင်ကိုရီးယားက မြန်မာလုပ်သား ၃၁၀ ကျော်ပြီး၊ ဧပြီ ၄ ရက်က ၉၈ ဦး၊ ၁၂ ရက်က ၉၁ ဦး နှင့် ဧပြီ ၂၈ ရက်တွင် ၁၂၈ ဦး ခေါ်ယူခဲ့တာဖြစ်ပါတယ်။

 

တောင်ကိုရီးယားအစိုးရက ၎င်းတို့နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားခြင်းကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁ ရက်မှစ၍ ပြည်ဝင်ခွင့် ပိတ်ပင်ထားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှလုပ်သားများ ပြန်လည်ခေါ်ယူနေတာဖြစ်ပါ တယ်။

 

ymg-mnn
#Yangon_Media_Group.