#Local_News
Published_ 29 April 2022

 

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၀) ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး SEA Games တွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိသူများကို ငွေကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၂၀၀၊ ကျပ်သိန်း ၁၀၀ ချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

ပြိုင်ပွဲတွင် တစ်ဦးကောင်း တစ်ယောက်ကောင်း စိတ်ဓာတ်မမွေးဘဲ အသင်းအဖွဲ့ စိတ်ဓာတ်ဖြင့် အားလုံးပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုဆုတံဆိပ်ကို ရရှိနိုင်မှာဖြစ်ကြောင်း အားကစားဝန်ကြီးဌာန ဝန်ကြီးဦမင်းသိန်းဇံက ပြောကြားခဲ့ပါတယ်။

 

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ နိုင်ငံ့ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမယ့် အားကစားသမားများအနေဖြင့် နိုင်ငံတော်၏ဂုဏ်ကို မြင့်တက်စေရန်အတွက် ပြိုင်ပွဲတွင် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်ခဲ့ကြရန်လည်း မှာကြားခဲ့ပါတယ်။

 

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမယ့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အဆင့်မီပြီး အရည်အချင်းပြည့်ဝတဲ့ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၌ လူငယ်အားကစား လေ့ကျင့်ရေးစခန်းဖွင့်လှစ်ပြီး အားကစားသမားများကို ပြုစုပျိုးထောင်လေ့ကျင့်ပေးလျက်ရှိပါတယ်။

 

၂၀၂၂ ခုနှစ်၊ မတ်လတွင် ကာတာနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် 19th Asian Billiards Championship ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိခဲ့သည့် မောင်ပေါက်စနှင့် 37th Asian Men's Snooker Championship ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိခဲ့သည့် မောင်အောင်ဖြိုးတို့ကို ဝန်ကြီးကဂုဏ်ပြုချီးမြှင့် ငွေကျပ် (၁၀) သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group