#Local News
Published-25 April 2022

 

ပုဂံဒေသမှာ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးနှင့် မြစ်ရေတိုက်စားမှုကာကွယ်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ ရှေးဟောင်းသုတေသနဌာန(ပုဂံဌာနခွဲ)မှသိရပါတယ်၊၊

 

ရှေးဟောင်းအဆောက်အအုံအမှတ် (၁၅၉၉)ဘုရားတွင် မြောက်ဘက်ရင်ပြင်တံတိုင်း ပဲ့ကျပျက်စီးမှုအား အုတ်စားဖြည့်စီခြင်း၊ရှေးဟောင်းအဆောက်အအုံအမှတ် (၁၀၄၂) ဆင်ကအုတ်တိုက် အနောက်တောင်ထောင့် အထက်ချင်မိတ်တိုးအုတ်စားဖြည့်စီခြင်းလုပ်ငန်းတွေကို ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးတွေနဲ့ လက်ထောက်‌ အင်ဂျင်နီယာတွေ၊ ဌာနအင်ဂျင်နီယာတွေက ကြည့်ရူစစ်ဆေးခဲ့ပါတယ်၊၊

ဒီ့အပြင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တင်ဒါအောင်မြင်တဲ့ လင်းလက်ပြည့်စုံ‌အောင် ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်လျှက်ရှိတဲ့ လောကနန္ဒာ စွယ်တော်မြတ်စေတီတော်နဲ့ လောကနန္ဒာဘေးမဲ့တော ဥယျာဉ်တို့ကို ဧရာဝတီမြစ်ရေတိုက်စားမှုမှ ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် Bored Pile အခြေပြုမြစ်ကမ်းထိန်း ကျောက်စီနံရံနဲ့ Gabion Box ကျောက်ဖြည့်မြေထိန်း အကာအရံတည်ဆောက်ခြင်းလုပ်ငန်းတွေကိုလည်း ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့တယ်လို့ သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group