#Local_News
Published_ 24 April 2022

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade-5၊ Grade-8 နှင့် Grade-11 သင်ရိုးသစ်တန်းများကို ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများ နှင့်ခရိုင်ပညာရေးမှူးများအတွက် ဖွင့်လှစ်ပို့ချတဲ့ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပြောကြားခဲ့ပါတယ်။

 

မြန်မာနိုင်ငံ၌ ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိရာ KG+12 စနစ်သစ် သင်ရိုးတန်းများကို နှစ်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

လက်ရှိတွင် Grade-5၊ Grade-8 နှင့် Grade-11 သင်ရိုးသစ် TOT သင်တန်းများကို ဧပြီ ၄ ရက်မှစ၍ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရပါတယ်။

 

ပညာရေးမှူးများအနေဖြင့် သက်ဆိုင်ရာ ဒေသအလိုက် ဆင့်ပွားသင်တန်းများကို စနစ်တကျ ဆက်လက်ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

အခြေခံပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် ဆရာ/ဆရာမများအပေါ်တွင် များစွာမူတည်သည့်အတွက် လက်ရှိတာဝန်ယူဆောင်ရွက်နေတဲ့ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများအနေဖြင့် စီမံ/ဘဏ္ဍာ/ပညာ ကဏ္ဍများကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမှာလည်း ဖြစ်ပါတယ်။

 

ymg-mnn
#Yangon_Media_Group