#LocalNews
Published_23 April 2022

 

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ရေး အနဂ္ဃရတနာမြေ ဓာတ်ပုံပြပွဲကို မြောက်ဦးမြို့ အံတော်သိမ် ပုထိုးတော်ကြီး၊ ဓမ္မသာလဆောင်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ကြီးမှူး၍ ယနေ့ ၂၃ ရက်တွင် စတင်ကျင်းပခဲ့ကြကြောင်း သိရသည်။

 

"ဒါက ကမ္ဘာ့အမွေအနှစ်ဝင်နိုင်ဖို့ အကြိုလှုပ်ရှားမှု ဖြစ်ပါတယ်။မြောက်ဦးဒေသရဲ့ လူနေမှုဘဝတွေကို ဓာတ်ပုံပညာနဲ့ ပြည်သူတွေကို ထုတ်ဖော်ပြသနိုင်ဖို့အတွက် အနဂ္ဃရတနာမြေ - မြောက်ဦး ဓာတ်ပုံပြပွဲကို ပြုလုပ်ရတာပါ။ စေတီပုထိုးတွေရဲ့ ခမ်းနားထည်ဝါမှုနဲ့ အနုပညာလက်ရာတွေ ၊ ရှုခင်းတွေ၊ လူနေမှုဘဝတွေ၊ ပွဲတော်တွေ၊ မြောက်ဦးဒေသအလေ့အထတွေကို ရိုက်ကူးပုံဖော်ထားတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်"ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးအောင်မျိုးက ပြောသည်။

အနဂ္ဃရတနာမြေ - မြောက်ဦး ဓာတ်ပုံပြပွဲတွင် မြောက်ဦးဒေသခံ ဓာတ်ပုံပညာရှင်များက ဓာတ်ပုံ (၁၂၀)ကို ခင်းကျင်းပြသထားကြောင်း၊ဘိုးဘွားလက်ထက်က တည်ဆောက်ထားခဲ့သော အလွန်တန်ဖိုးရှိသည့် ယဉ်ကျေးမှုအမွေအနှစ်များကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ကာ နောင်မျိုးဆက်သစ်များကို လက်ဆင့်ကမ်းအမွေပေးနိုင်ရန် ရည်ရွယ်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ကြရန်လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group