#LocalNews
Published_22 April 2022

 

သင်္ကြန်အပြီး ဧပြီလ ၁၉ ရက်က မြန်မာနိုင်ငံသား ၅၄ ဦး မြဝတီ - တတ်ခရိုင်နယ်စပ်ဘက်ခြမ်းတရားမဝင်သွားရောက်မှုဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းဘုရင့်ကြည်းတပ်မတော်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသူများထံမှ သိရသည်။

 

မြန်မာနိုင်ငံသား အမျိုးသား ၂၈ ဦး ၊ အမျိုးသမီး ၂၆ ဦး တို့ကို မော်တော်ယာဉ် ၃ စီးဖြင့် မဲ့တန်းမြို့နယ် ထစောင်ယန်ခရိုင်ခွဲတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လမ်းပြခေါ်ဆောင်ပေးသည့် ပွဲစားများ မော်တော်ဆိုင်ကယ် ၂ စီးဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ဖမ်းဆီးရမိသူများမား စစ်ဆေးမေးမြန်းချက်အရ မြန်မာနိုင်ငံမှထိုင်းသို့ဝင်ရောက်ရန် သောင်ရင်းမြစ် ဖြတ်ကျော်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group