#Local_News
Published_ 22 April 2022

 

အင်းတော်မြို့နယ်တွင် ၁၂ ဘီးယာဉ်ဖြင့် သယ်ဆောင်လာသော ကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့ဟာ ဧပြီ ၂၀ ရက် ညနေ ၄ နာရီခွဲ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ကြာအင်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားသွားကားလမ်းတွင် မန္တလေးမှ မိုးညှင်းဘက်သို့ ချမ်းသာ မောင်းနှင်လာသော NISSAN DIESEL ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ပါတယ်။

 

ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၈,၃၀၀ ပြား၊ ဘိန်းဖြူ ၁၂ ဒသမ ၄၇၄ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား မန္တလေးတိုင်းဒေသကြီးမှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းအားဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ymg-mnn
#Yangon_Media_Group