#Local_News
Published_ 22 April 2022

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် စိတ်ကျန်းမာရေး ပြင်ပလူနာဌာနကို ဧပြီ ၂၆ ရက် အင်္ဂါနေ့တွင် ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။

 

စိတ်ကျန်းမာရေးလူနာဋ္ဌာနကို ပြန်လည်ဖွင့်လှစ်ရာတွင် အပတ်စဉ် အင်္ဂါနေ့တိုင်း နံနက် ၉ နာရီမှ ၁၁ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ အခြား အထူးကုပြင်ပလူနာဌာနများကိုလည်း ပုံမှန်ဖွင့်လှစ်ထားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အထူးကုပြင်ပလူနာဌာနများအနေဖြင့် အပတ်စဉ် အစိုးရရုံးပိတ်ရက် စနေ၊ တနင်္ဂနွေ နှစ်ရက်မှလွဲ၍ ကျန် ၅ ရက်တွင် ဖွင့်လှစ်ထားရှိပြီး၊ သက်ဆိုင်ရာ အထူးကုပြင်ပလူနာဋ္ဌာနများကို နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ အထိ ဖွင့်လှစ်ထားပါတယ်။

 

ရန်ကုန်ဆေးရုံကြီး၌ ခတ္တပိတ်ထားသော အထူးကုပြင်ပလူနာဋ္ဌာနများ အားလုံးကို မတ် ၁ ရက်နေ့မှစ၍ ပုံမှန်အချိန်ဇယားများအတိုင်း ပြန်လည်ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။

 

အထူးကုပြင်ပလူနာဋ္ဌာနများ၌ လူနာများနံနက်စောစော လာရောက်တန်းစီ၍ စာရင်းသွင်းရန်စောင့်ဆိုင်းရခြင်း၊ ပြသရန်အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ လူစုလူဝေးကြောင့် ကိုဗစ် ၁၉ ရောဂါကူးစက်မှုမှကာကွယ်ရန် ပြီးခဲ့သော ဖေဖော်ဝါရီ ၂ ရက်နေ့မှ စတင်ကာ Online Booking စနစ်ကို စတင်စမ်းသပ် သုံးစွဲနေတာ ဖြစ်ပါတယ်။

 

ymg-mnn
#Yangon_Media_Group