#LocalNews
Published - 21 April 2022

 

ဒီကနေ့ နံနက်ပိုင်းအချိန်က အမြန်လမ်းမကြီးတွင် အိမ်စီးယာဥ်တစ်စီးကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်း အုတ်ကန်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဥ်မှာ ယနေ့ ဧပြီ ၂၁ ရက်၊ နံနက် ၁၀ နာရီခွဲ အချိန်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၃၉/၃)နှင့် (၃၃၉/၄)ကြားတွင် အိမ်စီးယာဉ်(၁)စီး ရှေ့ယာဘက်ဘီးပေါက်မှုဖြစ်ပွားကာ လမ်းလယ်ကျွန်းရှိ အုတ်ကန်အား ဝင်ရောက်တိုက်မိခဲ့တာဖြစ်ပါတယ်။

 

အဆိုပါ ယာဥ်မတော်တဆမှုဖြစ်ပွားရာသို့ စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရပြီး ယင်းဖြစ်စဥ်ကြောင့် ယာဥ်ပေါ်ပါ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

ယာဥ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၂)ဦးကိုလည်း အမြန်လမ်းမီးသတ်တပ်ဖွဲ့က တံတားဦးမြိုနယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ - MFSD

 

ymg/kg
#Yangon_Media_Group