#LocalNews
Published_21 April 2022

 

သရုပ်ဆောင်ရဲတိုက် ရင်ဆိုင်နေရသော မူးယစ်အမှုအတွက် ဧပြီလ ၂၀ ရက်က ရဲတိုက်ဘက်မှ သက်သေများအားစစ်ဆေးခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေက YMG ကို ပြောသည်။

 

"ဧပြီလ ၂၀ ရက်နေ့က ကိုရဲတိုက်ဘက်က တရားခံပြသက်သေနှစ်ယောက်ကို စစ်ဆေးပါတယ်။မေလ တစ်ရက်နေ့မှာ ကျန်နေတဲ့ သက်သေကို စစ်ပါမယ်။မေလ ၁၇ ရက်နေ့မှာ အပြီးသတ် လျှောက်လဲချက်ပေးပါမယ်။အဲဒီ အပြီးသတ်လျှောက်လဲချက် ပေးတဲ့နေ့မှာပဲ ဘယ်နေ့မှာ အမိန့်ချမယ်ဆိုတာ သိရပါမယ်"ဟု ယင်းက ဆိုသည်။

 

ပြီးခဲ့သည့် မတ်လ ၂ ရက်က နစက ပေးခဲ့သော ၅၀၅ (က) လွတ်ငြိမ်းတွင် သရုပ်ဆောင် ရဲတိုက် ပါဝင်ခဲ့သော်လည်း ကျန်ရှိနေသေးသည့် မူးယစ်စေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မ ၁၆ (ဂ) ကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။

 

အဆိုပါပုဒ်မမှာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်ထိ ချမှတ်နိုင်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group