#Local_News
Published_ 19 April 2022

 

အခြေခံပညာကျောင်းအားလုံး၌ မေလ ၂၅ ရက်မှ စတင်ပြီး ကျောင်းသားများ ကျောင်းအပ်လက်ခံ သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

အခြေခံပညာကျောင်းများ၏ စာမေးပွဲအောင်စာရင်းကို ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်ပြီး လာမယ့် မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်လက်ခံမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဇွန်လ ၂ ရက်တွင် အခြေခံပညာကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယခုနှစ်မှစတင်ကာ အခြေခံပညာကျောင်းများတွင် တက္ကသိုလ်ဝင်တန်း စနစ်ဟောင်း သင်ကြားမှုမရှိတော့ဘဲ စနစ်သစ်သာ သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

စနစ်ဟောင်း ကျောင်းသားများအနေဖြင့် ပြင်ပဖြေဆိုသူအဖြစ်သာ ဖြေဆိုရမည်ဖြစ်ပြီး ယခုနှစ်မှာမူ စနစ်ဟောင်းကျောင်းသားများအတွက် နောက်ဆုံးအခွင့်အရေး ဖြစ်တယ်လို့ ဆိုပါတယ်။

 

ymg-mnn
#Yangon_Media_Group