#LocalNews
Published_19 April 2022

 

ရခိုင်ပြည်နယ်တွင် ပထမဆုံးအကြိမ်ကျင်းပသော လေးမြို့မြစ်သင်္ကြန်ပွဲတော်အတွင်းတိုင်းရင်းသားမျိုးနွယ်စုများက ရိုးရာအကများဖြင့်ဖျော်ဖြေကြကြောင်း သိရသည်။

သင်္ကြန်မဏ္ဍပ်ကို ဧပြီလ ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဒိုင်းနက်ခေါ် ချက္ကမာလူမျိုးတို့မှ ရိုးရာ အကများ ၊ ချင်းလူမျိုးတို့၏ ရိုးရာဝါးညှပ်အကတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

လေးမြို့မြစ်အတွင်းရှိ ပေါ်ကျွန်းတစ်ခုပေါ်တွင် ပြုလုပ်သည့် ယင်းသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၇ ရက်မှ ယနေ့ ဧပြီလ ၁၉ ရက်ထိ ကျင်းပခဲ့ရာ အနယ်နယ်အရပ်ရပ်မှ လူပေါင်းသောင်းနှင့်ချီလာ ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဒေသမှာ AA ထိန်းချုပ်နယ်မြေ ဖြစ်ကြောင်း၊ ဧပြီလ ၁၃ ရက်မှ ၁၇ ရက်ထိ ကျောက်တော်မြို့နယ်၊ ဇီးချောင်းဆည်တွင်လည်း သင်္ကြန်ပွဲတော်ကို ၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ လူပေါင်းသိန်းချီ ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်တွင် ဒေသတွင်း မငြိမ်မသက်မှုများ၊ကိုဗစ်ကပ်ဘေးများကြောင့် သင်္ကြန်ပွဲတော်ကို စည်စည်ကားကား မပြုလုပ်ခဲ့ရသည်မှာ ၃-နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

 

ymg/mt
#Yangon_Media_Group