#LocalNews
Published -18 Apr 2022

 

ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာဖြစ်သူကို သေနတ်ဖြင့်ပစ်ခတ်သွားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့သတင်းများအရသိပါတယ်။

 

ဖြစ်စဥ်မှာယနေ့ နံနက် ၈နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၁၉) ရပ်ကွက်၊ မောင်းမကန်လမ်း၊ ကမ္ဘာ့ရတနာဘဏ်ရှေ့တွင် ဘဏ်မန်နေဂျာကို သေနတ်ဖြင့် ပစ်ခတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

 

"ဖြစ်စဥ်အရ ယာဥ်တစ်စီးပေါ်ကနေပစ်ခတ်သွားတာပါ ဆေးကုသမှုခံယူနေပါတယ်"လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။

 

ဖြစ်စဥ်သတင်းအရ ဘဏ်မန်နေဂျာဦးစောမိုးဝင်းမှာ ဘဏ်သို့လာရောက်စဥ် ဘဏ်ရှေ့ကားပေါ်မှအဆင်းတွင် နောက်မှလိုက်ပါလာတဲ့ ဟွန်ဒါဖစ်ခဲရောင်ကားပေါ်မှ သေနတ်ဖြင့်ပစ်ခတ်တာကြောင့် ဝမ်းဗိုက်ယာဘက်တွင်ကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)ရရှိပြီး ဆေးကုသမှုခံယူရန်ဆေးရုံသို့ ပို့ဆောင်ထားပြီး လုံခြုံရေးတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group