#LocalNews
Published_17 April 2022

 

နစက၏ ဧပြီလ ၁၇ ရက် မြန်မာနှစ်သစ်ကူး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ရခိုင်ပြည်နယ်စစ်တွေ ၊ ကျောက်ဖြူ၊သံတွဲ ၊ ဘူးသီးတောင် အကျဉ်းထောင်အသီးသီးမှ အကျဉ်သား ၄၅ ဦးပါဝင်ခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံရှိ အကျဉ်းထောင်၊အချုပ်ထောင် စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား အကျဉ်းသူ ၁,၅၇၇ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၄၂ ဦးကို ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း နစက က ယနေ့ နံနက်တွင် ထုတ်ပြန်ထားသည်။

 

ယင်းတို့အနေဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ ၁ အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန် ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့်ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိကြခြင်းဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group