#Local_News
Published_ 14 April 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်း၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲ့တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ဧပြီလ ၁၃ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့ဟာ သတင်းအရ သက်သေများနှင့်အတူ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေး၀င်းအတွင်း မကွေးလမ်းဘက်မှ မန္တလေးလမ်းဘက်သို့ လမ်းလျှောက်လာသူ ဇော်ရဲနိုင်အား စစ်ဆေးရှာဖွေခဲ့ကြပါတယ်။

 

ထိုသို့ရှာဖွေရာတွင် ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၄၀ ပြား၊ ဒေသကာလ ပေါက်စျေး တန်ဖိုးငွေကျပ် ၁၉.၄ သိန်း၊ ကတ်တမင်း အလေးချိန် ၈ ဂရမ် ၊ ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၆.၄ သိန်းနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

 

ထို့ကြောင့် ဇော်ရဲနိုင် (၃၀) နှစ်အား မင်္ဂလာဒုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group