#LocalNews
Published - 8 April 2022

 

အများပြည်သူတွေ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် သင်္ကြန်ပွဲတော်ရက်များအတွင်း ရွှေတိဂုံ စေတီတော်ကြီးကို မနက် ၅ နာရီမှ ည ၈ နာရီ အထိ(ပိတ်ရက်မရှိ)ဖွင့်လှစ်ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။

 

" စေတီတော်ကြီးကို သင်္ကြန်တွင်းကာလမှာ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်။ ပုံမှန်အတိုင်း နံနက် ၅ နာရီက နေ ည ၈ နာရီအထိ အများပြည်သူတွေ ဖူးမြော်ကြည်ညိုနိုင်ဖို့ ဖွင့်လှစ် ပေးထားမှာဖြစ်ပါတယ်။နှစ်ဆန်းတစ်ရက်နေ့ကျရင်တော့ စေတီတော်ကြီးရဲ့ သြဝါဒစရိယဆရာ တော်ကြီးများရဲ့ လမ်းညွှန်မှုတွေနဲ့အညီ ပုံမှန်လုပ်နေကျဖြစ်တဲ့ နှစ်ဦးတရားပွဲအလှူတွေရှိပါမယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ စတုဒီသာ လာရောက်လှူဒါန်းလိုတဲ့ အလှူရှင်တွေကိုလည်း စေတီတော်ကြီးရဲ့ ပုရဝုဏ်အတွင်းမှာ လှူဒါန်းနိုင်ဖို့ စီစဥ်ပေးထားပါတယ်။ မည်သူမဆိုလည်း စတုဒီသာတွေလာရောက်လှူဒါန်းလို့ရပါတယ်။"လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။

 

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဘုရားဖူးအများ ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်စေရေး နံနက် ၅ နာရီမှ ည ၈ နာရီအချိန်အထိ အချိန်ကို တိုးမြှင့်ဖွင့်လှစ်ပေးထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

 

ဓါတ်ပုံ - Shwedagon Pagoda(Page)

 

ymg/kg
#Yangon_Media_Group