#Local_Nes 
Published_ 8 April 2022

 

ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းများက မတ်လအတွင်းမှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ရှိ လူဦးရေ ၂၃,၀၀၀ ကျော်ကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ပံ့ပိုးပေးခဲ့ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံရှိ ကလေးငယ်များစွာမှာ အာဟာရချို့တဲ့မှုကို တွေ့ကြုံခံစားနေကြရပြီး အခုအခါ မိသားစုများအနေနဲ့ မိမိတို့သားသမီးတွေကို အာဟာရပြည့်ဝတဲ့ အစားအစာတွေ ကျွေးမွေးနိုင်ဖို့ ခက်ခဲလာတယ်လို့ ဆိုပါတယ်။

 

ယူနီဆက်အနေဖြင့် အားနည်းထိခိုက်လွယ်တဲ့ ရပ်ရွာအသိုက်အဝန်းများအတွက် အာဟာရစီမံချက်များ တိုးချဲ့ပံ့ပိုးပေးနိုင်ဖို့ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံရှိ ကလေးငယ်ဦးရေ ငါးသန်းကျော်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေပါတယ်။ ယူနီဆက်အနေနဲ့ လက်တွေ့လိုအပ်နေတဲ့နေရာတွေက အားနည်းထိခိုက်လွယ်တဲ့ ကလေးငယ်များနဲ့ မိသားစုများကို ထောက်ပံ့ကူညီပေးလျှက်ရှိပါတယ်။

 

မြန်မာနိုင်ငံရှိ ကလေးငယ်များနဲ့ အခြားထိခိုက်လွယ်သူများအတွက် အရေးပေါ် အာဟာရ၊ ကျန်းမာရေး၊ ရေ ၊ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပညာရေးနဲ့ ကလေးသူငယ်ကာကွယ်ရေးအကူအညီတွေပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ယူနီဆက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ymg-mnn
#Yangon_Media_Group