#LocalNews
Published 7Apr 2022

 

၂၀၂၂ခုနှစ် ဧပြီလ ၂ ရက်နေ့နဲ့ ၅ ရက်နေ့တို့မှာ ဝ ပြည်နယ်တောင်ပိုင်း UWSA နဲ့ RCSS အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးတွေရှိခဲ့တယ်လို့ သိရပါတယ်။

 

"ဝ" ပြည်တောင်ပိုင်း UWSA (၁၇၁) စစ်ဒေသနှင့် RCSS ရှမ်းတပ်ဖွဲ့တို့၏ ဧပြီလ ၂ ရက်နေ့ ထိတွေ့တိုက်ပွဲဖြစ်စဉ်မှာ လွယ်မန်ထုံကြားခံနယ်မြေအတွင်းသို့ RCSS အဖွဲ့မှ ကျူးကျော်ဝင်ရောက်လာပြီးနောက် စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်တာကြောင့်"ဝ" တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရသော်လည်း အပြန်အလှန်ပစ်ခတ်မှုခဏတာသာဖြစ်ပွားခဲ့ပြီးနောက် "ဝ" တပ်ဖွဲ့မှ အင်အားသုံးပြီး ပြန်လည်လက်တုံပြန်ခြင်းမပြုခဲ့ဘူးလို့ ဝ တောင်ပိုင်းရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးညီရမ်းကပြောပါတယ်။

 

ထပ်မံ၍ ဧပြီလ ၅ ရက်နေ့နံနက်ပိုင်းတွင် ၀ ထိန်းချုပ်နယ်မြေမုန်းထဒေသရှိ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော UWSA တပ်ဖွဲ့ဝင်အင်အား(၁၈)ဦး စခန်းချရာနေရာသို့ RCSS တပ်ဖွဲ့မှအင်အား ၂၀ ခန့် နယ်‌မြေကျူးဝင်ရောက်လာခဲ့တာကြောင့် "ဝ"တပ်ဖွဲ့မှ မေးမြန်းစဉ် RCSS အဖွဲ့မှ အခွင့်ကောင်းယူကာ စတင်ပစ်ခတ်သဖြင့် မိမိတို့"ဝ"တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးကျဆုံးခဲ့ရပြီးနောက် နယ်မြေရှင်းလင်းရေးအတွက် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ရာ RCSS ဘက်မှ (၅) ဦး ကျဆုံးပြီး လက်နက်ငယ် ၆ လက်ရရှိခဲ့ပြီး UWSA မှ တပ်ဖွဲ့ဝင်(၂)ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group