#LocalNews
Published - 4 April 2022

 

မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်မှုမှာ ယွမ်/ ကျပ် တိုက်ရိုက်အသုံးပြုပေးချေသုံးစွဲခွင့်ကို မြန်မာနိုင်ငံဗဟိုဘဏ်က ဘဏ် လေးဘဏ်ကို ထပ်မံခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

 

ထပ်မံခွင့်ပြုလိုက်တဲ့ ဘဏ် ၄ ဘဏ်မှာ CB Bank PCL၊ ဧရာဝတီဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ် တို့မှာ ယွမ်/ ကျပ် တိုက်ရိုက်အသုံးပြုမှုကို ထပ်မံခွင့်ပြုလိုက်တယ်လို့နေပြည်တော်မှာ ကျင်းပတဲ့ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေသုံးစွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးက သိရပါတယ်။

 

မြန်မာနိုင်ငံဗဟိုဘဏ်က ယွမ်/ ကျပ် တိုက်ရိုက်အသုံးပြုပြီး ဘဏ်လမ်းကြောင်းအသုံးပြုပေးချေနိုင်ဖို့ Bank of China Hong Kong Limited, Yangon Branch, Industrial and Commercial Bank of China Limited, Yangon Branch ကို အရင်က ခွင့်ပြုခဲ့ပါတယ်။

 

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့တွေမှာ ဘဏ်ခွဲရှိတဲ့ ပုဂ္ဂလိကဘဏ်တွေကို နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရပုဂ္ဂလိကဘဏ်တွေကို ခွင့်ပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ymg/ei
#Yangon_Media_Group