#LocalNews
Published - 2 April 2022

 

ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၅ သိန်းနှင့် ဆေးထိုးပြွန် ၅ သိန်းတို့အား ဒုတိယအကြိမ်အဖြစ် လှူဒါန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ လှူဒါန်းဆေးပစ္စည်းများဟာ ယနေ့ ဧပြီလ ၂ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့တာပါ။

 

အဲ့ဒီအထဲကမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းအား AstraZeneca ကာကွယ်ဆေးထိုးဆေး ၅ သိန်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းထံ လှူဒါန်းပေးအပ်ခဲ့ပြီး ထိုင်းနိုင်ငံက မြန်မာနိုင်ငံကိုပေးခဲ့တဲ့ ကာကွယ်ဆေးစုစုပေါင်း အကြိမ်ရေ (၁,၀၀၀,၀၀၀)ကို ဒုတိယအကြိမ် လှူဒါန်းခဲ့တာဖြစ်ပါတယ်။

 

ယနေ့ ရန်ကုန်လေဆိပ်၌ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ AstraZeneca ကာကွယ်ဆေးနှင့် ဆေးထိုးပြွန် ၅ သိန်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ ထိုင်းတော်ဝင်သံရုံးမှ တာဝန်ခံ မစ္စစ်ကန်နိုဝမ်ပင်းဆူဝမ် တက်ရောက်ခဲ့ပြီး မြန်မာဘက်မှ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်ဇော်စိုးတို့ တက်ရောက်ခဲ့ပါတယ်။

 

ဤလှူဒါန်းမှုသည် ဒုတိယအသုတ်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ပံ့ပိုးပေးသည့် ကာကွယ်ဆေးစုစုပေါင်းမှာ အကြိမ်ရေ ၁,၀၀၀,၀၀၀ ဖြစ်တယ်လို့ သိရပါတယ်။

 

Photo - မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး

 

ymg/kg
#Yangon_Media_Group