#LocalNews
Published - 29 March 2022
မြန်မာဘုန်းတော်ကြီး ကျောင်းများသို့ တရုတ်သံရုံးက ကိုဗစ်ရောဂါကာကွယ်ရေးပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

လတ်တလောတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးအနေနဲ့ မြန်မာ-တရုတ် ဗုဒ္ဓဘာသာကူးလူးဖလှယ်ရေးအသင်းမှတစ်ဆင့် စမ်းချောင်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း (၃၃)ကျောင်းသို့ ကပ်ရောဂါကာကွယ်ရေးပစ္စည်းများဖြန့်ဝေလှူဒါန်းခဲ့ပြီး ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိ ဘုန်ကြီးကျောင်း (၁၆)ကျောင်းသို့ လည်း ကပ်ရောဂါကာကွယ်ရေးပစ္စည်းများဖြန့်ဝေလှူဒါန်းခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားလာ ကတည်းက တရုတ်-မြန်မာ နှစ်နိုင်ငံသည် အပြန်အလှန်ဖေးမကူညီ၍ တစ်လှေတည်းစီး တစ်ခရီးတည်းသွားကာ အားကောင်းပြီး ထိရောက်မှုရှိသည့် ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ပြောကြားထားပါတယ်။

China Embassy 2

ထို့အပြင် တရုတ်နိုင်ငံအစိုးရအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းသို့ နောက်ထပ် ယွမ် ၁၀.၅ သန်း တန်ဖိုးရှိ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ ထောက်ပံ့ပေးဖို့ရှိနေပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ယူနန်ပြည်နယ်အစိုးရက မြန်မာနိုင်ငံကို ကာကွယ်ဆေးထိုးအပ် ၃ သန်း အရေးပေါ်လှူဒါန်းရန် ဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး

ymg/kg
#Yangon_Media_Group