#LocalNews
Published 25 Mar 2022

 

ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အမှတ်( ၁၈ )ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ အမျိုးသားတစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

 

ဖြစ်စဥ်မှာ ယနေ့ မတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန်ခန့်က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁၈ ရပ်ကွက် သုခရတနာလမ်း အိမ်အမှတ် ၁၀၃၁(က) နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ရှာဖွေရာ အမျိုးသား(၁)ဦးအားလက်နက်များ၊ ကျည်များ၊ လက်ပစ်ဗုံးများ၊ လက်လုပ်ဗုံး၊ လျှစနက်တံများ၊ ပြောက်ကျားအင်္ကျီများ၊ ယမ်းများနဲ့အတူ နေအိမ်အတွင်းမှာ ဖမ်းဆီးရမိတာဖြစ်တယ်လို့ သိရပါတယ်။

 

"လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိတဲ့သတင်းက သတင်းမှန်ပါတယ်။ဥပဒေအရအရေးယူဖို့ဆောင်ရွက်နေပါတယ်"လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။

 

အဆိုပါနေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ချိတ်ပိတ်သိမ်းဆည်းသွားတယ်လို့ အဆိုပါရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။

 

ymg/hm
#Yangon_Media_Group