#LocalNews
Published - 25 March 2022

 

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း YBS ယာဉ်လိုင်းများ ပြေးဆွဲသွားဖို့စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ကြေညာထားပါတယ်။

 

YBS ယာဉ်လိုင်းများအား သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပုံမှန်ထွက်ရှိတဲ့ယာဉ်လိုင်းနဲ့ ယာဉ်စီးရေအတိုင်းပြေးဆွဲဖို့နဲ့ အခက်အခဲရှိပါက ယာဉ်လိုင်းတစ်လိုင်းရှိ ယာဉ်အင်အားရဲ့ (၃) ပုံ (၁) ပုံထက်လျော့နည်းမှုမရှိစေဘဲ ပြေးဆွဲသွားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ယာဉ်စီးခကို သတ်မှတ်ယာဉ်စီးခထက် ပိုမကောက်ခံဖို့ကိုလည်း ယာဉ်လိုင်းကုမ္ပဏီများအား အသိပေးအကြောင်းကြားထားတယ်လို့ သိရပါတယ်။

 

အခုလက်ရှိ ရန်ကုန်တိုင်းတွင် ယခင်က ည ၈ နာရီအထိသာ ပြေးဆွဲခဲ့တဲ့ YBS ယာဉ်လိုင်းများကို ည (၁၀) နာရီအထိ တိုးချဲ့ပြေးဆွဲသွားမယ်လို့ ကြေညာထားပါတယ်။

 

ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ယခင် ၁၀ နာရီကနေ အခု ည (၁၂) နာရီမှ နံနက် (၄) နာရီအထိ‌ ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်တဲ့အတွက် YBS ယာဉ်လိုင်းများ ညအချိန်ပြေးဆွဲချိန် ပြောင်းလဲသွားမယ်လို့ သိရပါတယ်။

 

ymg/ei
#Yangon_Media_Group