#LocalNews
Published -24 Mar 2022

 

လတ်တလောမှာ ဝ ပြည်နယ်ရှိဒေသများတွင် ကိုဗစ်ရောဂါကူးစက်မှုနှုန်းမြင့်မားနေတာကြောင့် ကူးစက်မှုနှုန်းထိန်းချုပ်နိုင်ဖို့အတွက် ပန်ခမ်းမြို့ကို နှစ်ပါတ်ကြာ အသွားအလာကန့်သတ်မှု Lockdown ချကာ တစ်မြို့လုံးကို အာခေါင်တို့ပတ်စစ်ဆေးမှုပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

Lockdown ကာလကို မတ်လ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီကနေ ဧပြီလ ၈ ရက်နေ့ ညနာရီ ၁၄ ရက်ကြာသတ်မှတ်ထားကာ အာခေါင်တို့ပတ်စစ်ဆေးမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် အသုံးအဆောင်ပစ္စည်းများ ကြိုတင်စုဆောင်းကြဖို့နဲ့ ကုန်စျေးနှုန်းများ မြှင့်တင်ခြင်းမပြုလုပ်ဖို့ထုတ်ပြန်ထားပါတယ်။

 

မတ်လ ၉ ရက်နေ့ကလည်း"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်အချို့တွင် ကိုဗစ်ကူးစက်မှုနှုန်း အခြေအနေဆိုးရွားနေတာကြောင့် ခရိုင်နဲ့မြို့နယ်အချို့ကို ဖြတ်သန်းသွားလာခြင်းနဲ့ ယင်းမြို့နယ်တွေကို ဖြတ်သန်းကာ ပန်ခမ်းမြို့ကိုမလာဖို့ ပန်ခမ်းမြို့ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

အဆိုပါထုတ်ပြန်ချက်တွင် လတ်တလောတွင် မိုင်းပေါက်ခရိုင်၊ပန်ခမ်းအထူးမြို့နယ်နှင့် မိုင်းလင်းခရိုင်တွင် ကိုဗစ်ရောဂါကူးစက်မှု အခြေအနေဆိုးရွားနေပြီး လူသွားလူလာထိန်းချုပ်ခြင်းနဲ့ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ဒါ့ကြော့ ပန်ခမ်းမြို့နေပြည်သူတွေအနေနဲ့ မိုင်းပေါက်ခရိုင် ၊မိုင်းလင်းခရိုင်၊မိုင်းမောခရိုင်နဲ့ နန်းတစ်အထူးမြို့နယ်တို့ကို ဖြတ်သန်းသွားလာခြင်းမပြုရန်နဲ့ ယင်းမြို့နယ်တွေကိုဖြတ်သန်းပြီး ပန်ခမ်းဒေသကိုလာရောက်ခြင်းမပြုရန် ယနေ့မှာထုတ်ပြန်ထားပါတယ်။

 

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ပန်ခမ်းမြို့မှာ ကိုဗစ်အတည်ပြုလူနာ ၂ ဦးတွေ့ရှိခဲ့ပြီး ထိတွေ့ကူးစက်မှုခန့်မှန်းမရတာကြောင့် တစ်မြို့လုံးကို Lockdown ချကာ အာခေါင်တို့ပတ်စစ်ဆေးခဲ့ပါသေးတယ်။

 

ကိုဗစ်တတိယလှိုင်းကာလမှာ"ဝ"ဒေသအနေနဲ့ ကူးစက်မှုမရှိအောင် တင်းကြပ်စွာဆောင်ရွက်ခဲ့ပြီးပန်ခမ်းမြို့မှာ ဒုတိယအကြိမ် တစ်မြို့လုံးအာခေါင်တို့ဖတ်စစ်ဆေးမှုလုပ်ငန်း သြဂုတ်လ ၂၁ ရက်နေ့က ဆောင်ရွက်ခဲ့သလို စုစုပေါင်းစစ်ဆေးသူ ၅၂,၉၂၂ ဦးနှင့် စစ်ဆေးမှုရလဒ်အားလုံးမှာ negative ထွက်ရှိခဲ့ပါတယ်။

 

ymg/hm
#Yangon_Media_Group