#LocalNews
Published-23 March 2022

 

ထိုင်းနိုင်ငံ၊ ပကျွတ်ခီရီကန်ပြည်နယ်အတွင်း မတ်လ ၁၆ ရက်ကဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုကြောင့်သေဆုံးခဲ့သည့် တရားမဝင်ရွှေ့ပြောင်းလုပ်သား ၆ ဦးအတွက် မိသားစုဝင်များ နစ်နာကြေးရရှိရန် ဘန်ကောက်မြို့အလုပ်သမားသံအရာရှိရုံးက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ပရာကျွတ်ခီရီကန်ပြည်နယ်ရှိ Phetkasem ကားလမ်းတွင် တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ ဦး တင်ဆောင်လာသော မော်တော်ယာဉ်ကားဘီးပေါက်ကာ တိမ်းမှောက်ရာ အသက် ၁၉ နှစ်အရွယ်ရှိ မခိုင်ဇာလင်း၊ အသက်၂၄ နှစ် အရွယ် မလဲ့လဲ့စိုး၊ အသက်၂၅ နှစ်အရွယ် မရီရီဝင်းနှင့် မအိအိမော်၊ အသက် ၃၃နှစ် အရွယ် မမြပုလဲ ၊ အသက် ၃၅ နှစ်အရွယ် ဦးဇေယျာမင်းတို့ သေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။

 

ယခုအခါ ဒဏ်ရာပြင်းထန်စွာရရှိသည့် တရားမဝင်လုပ်သား ၆ ဦးမှာ ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိပြီး ဒဏ်ရာအနည်းငယ်သာရရှိခဲ့သည့် ၇ ဦးအား ကိုဗစ်စစ်ဆေး၍ ကာကွာရန်တင်းထားရှိထားကြောင်း ၊အလုပ်သမားသံအရာရှိရုံးအနေဖြင့် သေဆုံးသူများအား မည်သူမည်ဝါအတည်ပြုနိုင်ရန်အတွက် မိသားစုနှင့်ဆွေမျိုးများထံမှ အဆက်အသွယ်များရရှိရန်လည်း လူမှုကွန်ရက်တွင် ကြေညာထားသည်။

သေဆုံးခဲ့ကြသော ရုပ်အလောင်းများကို သင်္ဂြိုဟ်ပေးနိုင်ရန် ဘန်ကောက်မြို့ အလုပ်သမားသံအရာရှိရုံးသို့ လွှဲအပ်ကြောင်း ထောက်ခံစာရရှိရန် လိုအပ်နေကြောင်းလည်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။

 

ymg/mt
#Yangon_Media_Group