#LocalNews
Published - 22 March 2022

 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒီကနေ့ မတ်လ ၂၂ ရက်၊ နံနက်ပိုင်းတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် လှိုင်းဘုန်းကျေးရွာအုပ်စုရှိ စေတီတော် ထီးတော်မြေခခြင်းနှင့် လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အဆိုပါမြို့နေ ဒေသခံများထံမှ သိရပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ထိ မုန်တိုင်းခိုလှုံသူ စုစုပေါင်းလူဦးရေ(၂,၀၀၀)ခန့်ကိုလည်း ကူညီစောင့်ရှောက်ပေးထားရတယ်လို့ ဆိုပါတယ်။

 

"မုန်းတိုင်းခိုလှုံသူများကို လှိုင်းဘုန်းကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုရေးပရဟိတအဖွဲ့များမှ ထမင်းဟင်းများ၊ သောက်သုံးရေနှင့်ဆေးဝါးများ ကူညီဆောင်ရွက်ကြရန် အုပ်စုအဖွဲ့များခွဲ၍ တာဝန်အသီးသီးခန့်အပ်ကာ ကူညီဆောင့်ရှောက်ပေးလျက်ရှိပါတယ်။

 

လှိုင်းဘုန်းကျေးရွာအတွင်းရှိ စေတနာရှင်များမှ ထမင်းဟင်းများ ချက်ပြုတ်လှူဒါန်းခြင်းများပေးကြပါတယ်။"လို့ လှိုင်းဘုန်းကျေးရွာအုပ်စု ဒေသခံတစ်ဦးက ပြောပါတယ်။

ယနေ့ မုန်တိုင်းတိုက်ခတ်မှုကြောင့် မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်းကျေးရွာအုပ်စုရှိ သစ်နီဇွဲကျေးရွာ၊ဓမ္မသုခကျောင်းတိုက်ဝန်းအတွင်းတည်ထားသော အောင်တော်မူစေတီတော်သည် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထီးတော်မြေခခဲ့ပြီး ငွေဇင်ယော်ကျေးရွာတွင်
လူနေအိမ်(၂)လုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း အဆိုပါဒေသခံများထံမှ သိရပါတယ်။

 

Photo - Tun Tun Naing(Mawgyun) - FB

 

ymg/kg
#Yangon_Media_Group